နေပြည်တော်  ၈  ဇူလိုင်

 

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးကို ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၃၊ ၄၊ ၅၊ ၆ ရက်(ဇူလိုင် ၂၂ ရက်မှ ၂၅) ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေနေ့ များတွင် အကြိုညှိနှိုင်းအဖြစ်လည်းကောင်း၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၇၊ ၈ ရက် (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၆၊ ၂၇ )ရက်၊ တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် အစည်းအဝေးကျင်းပ မည်ဖြစ်ရာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဆရာတော်ကြီးများသည် ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၂ ရက် (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၁ ရက် )အင်္ဂါနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာနာယကကျောင်းတော်ကြီးသို့ ကြွရောက်တော်မူရန်အတွက် ပင့်လျှောက် စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအနေဖြင့် ပင့်လျှောက်စာများ အချိန်မီမရောက်ရှိ ပါကလည်း အဆိုပါနေ့ရက်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

(သတင်းစဉ်)