ပိုင်ကျုံ ၈ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် 33/11KV-5MVA ခွဲရုံတည်ဆောက် ခြင်းလုပ်ငန်းကို ဧပြီလ နောက်ဆုံးအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၅၂) ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် JICA ချေးငွေ ကျပ်သန်း(၇၂၀)ဖြင့် KTK ကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ (၅၂)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ် ကြောင်း KTK ကုမ္ပဏီတာ၀န်ခံ ဦးပြည့်ဖြိုးပိုင်ထံမှ သိရသည်။
ခွဲရုံတည်ဆောက်ပြီးစီးပါက ပိုင်ကျုံမြို့မှ (၁၂)မိုင်အတွင်းရှိ ကျေးရွာများ ဗို့အားပြည့်၀စွာ ဓာတ်အားရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
စောpဖိုး(ပြန်/ဆက်)


