ကာမိုင်း    ဇူလိုင်  

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ဇူလိုင် ၆ ရက်မှစတင်၍ တိုက်နယ်ကျန်းမာရေးဌာနနှင့် မြို့မရပ်ကွက်အုပ်ချုပ်ရေးရုံးတို့၌ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် လာရောက်ပြသသူများကို နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်း၊ ဆပ်ပြာနှင့်လက်ဆေးရေကန်များထားရှိပေးခြင်းနှင့် လူစုလူဝေးများမဖြစ်အောင် သတ်မှတ်ထား သော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များအလိုက်ခွဲ၍ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အချိန်ပိုင်းဖြင့်သာစနစ်တကျ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

 

ထို့သို့ဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဦးနှောက် တီဘီရောဂါ၊ အပြင်းထန်အဆုတ်ရောင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို အကြောသေ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ ဝက်သက်ရောဂါတို့မှကာကွယ်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာပေးခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဇူလိုင် ၆ ရက်မှ ၈ ရက်အထိ  လာရောက် ပြသသည့် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း ၆၀ တို့ကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)