စေတုတ္တရာ ၈ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အ.ထ.ကကျောင်းတွင် မြို့နယ်အဆင့် Grade-10 သင်ရိုးသစ် တက်ရောက်နေသာ ဆရာ/ဆရာမများအား ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဒေါ်သက်သက်ရည်နှင့် ကျန်းမာရေးဝန်ထမ်းများက သင်တန်းခန်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်သည့် နည်းလမ်းများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် ဆောင်ရန်/ ရှောင်ရန် အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးမှုကို ဆရာ/ဆရာမများအနေဖြင့် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေးဆွေးနွေးရခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


