ဆမီး ၈ ဇူလိုင်
မင်းတပ်ခရိုင် ဆမီးမြို့တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား စားနပ်ရိက္ခာများနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဆမီး အ.ထ.က ကျောင်း၌ ကျင်းပခဲ့သည်။
ဆမီးမြို့ တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု (၇၉၅)စု၊ လူဦးရေ (၃၄၃၆)ဦးအတွက် ကြက်သွန်နီ၊ငါးခြောက်၊ ငပိ၊ဆားနှင့် အခြားစားသောက်ကုန်ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပစ္စည်းများကို အလှူရှင်များနှင့် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး ဆမီးမြို့ လူမှုရေးအသင်းမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လဲ့လဲ့ခိုင်(ပြန်/ဆက်)


