ရှင်ဗွေယန် ၈ ဇူလိုင်

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်ဒေသအတွင်း ဖော်ထုတ်ပေးခဲ့သော စိုက်ပျိုးမြေဧက (၂၀ဝ)ကို ဒေသခံတောင်သူ ၁၀၁ ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ဇူလိုင် ၇ ရက် မွန်းလွဲ ၂ နာရီတွင် တဆိတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စိုက်ပျိုးမြေများ ခွဲဝေလျာထားမှု ညှိနှိုင်းအစည်းအဝေးအပြီးတွင် ခွဲဝေပေးခဲ့ကြောင်း သိရသည်။

 

ဦးစွာဖော်ထုတ်ပြီးစီးသည့် စိုက်ပျိုးမြေများ ခွဲဝေပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် တနိုင်းမြို့နယ် လယ်ယာမြေစီမံခန်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က စိုက်ပျိုးမြေဖော်ထုတ်ပေးရသည့် အကြောင်းအရင်းနှင့် ခွဲဝေလျာထားမှု အခြေနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ဦးဇော်ဝင်းက စိုက်ပျိုးမြေဖော်ထုတ်ပြီးစီးမှုအပေါ် ခွဲဝေချထားပေးရာတွင် အားနည်းချက်မရှိစေရေး အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောင်သူများထံသို့ မဲစနစ်ဖြင့် စိုက်ပျိုးမြေများကို ခွဲဝေပေးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ခွဲဝေပေးခဲ့သော စိုက်ပျိုးမြေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဟူးဟောင်းစတားကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖော်ထုတ်ပြီး စိုက်ပျိုးမြေများဧက (၂၀ဝ)ကို တရုံကျေးရွာအုပ်စု ဒိုက်ဖားကျေးရွာရှိ ဒေသခံတောင်သူ (၁၇)ဦးတို့အတွက် ဧက (၅၀)၊ ခလုံးကျေးရွာရှိ တောင်သူ (၅၈)ဦးတို့အတွက် ဧက(၁၀ဝ)၊ တဆိတ်ကျေးရွာရှိ တောင်သူ (၂၆)ဦးတို့အတွက် ဧက(၅၀)ကို အသီးသီးခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရှင်ဗွေယန်မြို့(ပြန်/ဆက်)