ရန်ကုန် ၉ ဇူလိုင်
ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ် ပေါ်စေရန်နှင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်းသည် ခရိုင်ရေစီးရေလာ မှ EE ဦးသန်းအောင်ဦး တာဝန်ယူဆောင်ရွက်နေသော ရွာမအရှေ့ရပ်ကွက်၊ ဒေါနလမ်း ဝဲ/ယာ အုတ်ရေမြောင်းပြုလုပ်သည့် လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းကြီးကြပ် အင်ဂျင်နီ ယာ ဦးအာကာစိုးမှ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဉက္ကဋ္ဌမှ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


