ကျိုက်လတ် ၉ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်အတွင်း လူစည်ကားသည့် လမ်းဆုံများဖြစ်သည့် (၇)လမ်း၊ (၂) လမ်း၊ (၁၁) လမ်းနှင့် (၁၉) လမ်း၊ လမ်းဆုံများတွင် ယမန်နေ့ နံနက် (၇) နာရီခွဲမှ စ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် လမ်းသွားလမ်းလာများ၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်ဖြင့် သွားလာသည့် ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့သည်။
ကျိုက်လတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ နာယက အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက နှာခေါင်းစည်း (၁၀ဝ၀) ကျော်ကို ဖြန့်ဝေပေးခြင်း၊ ကိုယ်တိုင်တပ်ဆင်ပေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)


