ကျောက်ဆည် ၉ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ရုံးမှ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ (၁၃)ကြိမ်မြောက်အာမခံ အလုပ်သမားများ၏ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်လူမှုဖူလုံရေး အဖွဲ့ရုံးတွင်ကျင်းပခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလတွင် ယာယီရပ်နားခဲ့ရာမှ စစ်ဆေးရေးအဖွဲ့၏ သတ်မှတ်ချက်များနှင့်ကိုက်ညီ၍ မြန်မာလင်ကျန်းရှူး ဖိနပ်စက်ရုံအား ဖွင့်လှစ်ခဲ့ရာ လူမှုဖူလုံရေးထောက်ပံ့ပေးငွေ အနေဖြင့်အာမခံ အလုပ်သမားများ၏ ၄၀ ရာခိုင်နှုန်းအား အာမခံအလုပ်သမား(၁၅၉၀) ဦးအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိဒေါ်ဝင်းဝင်းကြူမှ မြန်မာလင်ကျန်းရှူးဖိနပ်စက်ရုံတွင် အာမခံအလုပ်သမား(၁၈၆၆)ဦးရှိသော်လည်း (၁၅၉၀)ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေကျပ်(၆၈၁၃၃၈၂၄)အား စက်ရုံတာဝန်ခံ Mrs.Zhu Jing ထံသို့ပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေ ပေးအပ်ရန်ကျန်ရှိသော အာမခံအလုပ်သမား(၂၇၆)ဦးကိုလည်း တင်ပြထားရှိပြီးဖြစ်ရာ ခွင့်ပြချက်ရရှိပါက ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းကြူက ပြောသည်။
တင်တင်ထွေး(ပြန်/ဆက်)


