ကာမိုင်း  ၉   ဇူလိုင်

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှပံ့ပိုးသည့် တစ်ကိုယ်ရေသုံး ပစ္စည်းများကို (COVID-19)ရောဂါ တားဆီးကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့အတွင်းရှိ Quarantine Centre တွင် ဝင်ရောက်နေကြသော ပြည်ပပြန်ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကာမိုင်းမြို့ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးဆင်ရန်ဦးဆောင်သော အဖွဲ့သည် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ပံ့ပိုးသော အမျိုးသား/အမျိုးသမီးသုံးဖြစ်သည့် တစ်ကိုယ်ရေသုံးပစ္စည်းများကို Quarantine Centre တွင် ဝင်ရောက်နေကြသော ပြည်ပပြန် ပြည်သူများအား တစ်ဦးလျှင်ငွေကျပ် ၁၃၀ဝ၀ တန်ဖိုးရှိသည့် ပစ္စည်းတစ်စုံစီကို ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ရာ၌ Quarantine Centre တွင် ဝင်ရောက်နေကြသည့် ပြည်ပပြန် ပြည်သူများမှာ မြို့မ(၄)ရပ်ကွက်တွင်(၃)ဦး၊ ဇီးကျွန်းရပ်ကွက်တွင်(၄)ဦး၊ ထွယ်ဆန်ယန်ရပ်ကွက်တွင်(၁)ဦး၊ နန့်ယားကျေးရွာတွင်(၁)ဦးနှင့် ကပ်မှော်ဇွပ်ကျေးရွာတွင်(၁)ဦး စုစုပေါင်း(၁၀)ဦးတို့ကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)