ဓနုဖြူ  ၉  ဇူလိုင်

 

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းကို ယနေ့ နံနက်ပိုင်းက ညောင်ချောင်း ကျေးရွာအုပ်စု၊ ဓမ္မာဇေယျံကျောင်းတိုက် ၌ ဖွင့်လှစ်သင်ကြားသည်။

 

 

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်လင်းက ကျေးလက်ဒေသရှိ ပြည်သူများ တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှုများကို သိရှိ၍ မွေးမြူထုတ်လုပ်မှု လုပ်ငန်းများတွင် အထောင်အကူပြုစေရန် ရည်ရွယ်သင်တန်းဖွင့်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။

 

 

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာများမှ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများနှင့် စိတ်ပါဝင်စားသူ (၂၀)တက်ရောက်ပြီး သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

 

 

ထက်ဝေဖြိုး(ပြန်/ဆက်)