အမာ ၉ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့နိုင်ရန် စာရင်းများကောက်ယူခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်(၁၀)နာရီခန့်မှစတင်၍ စာရင်းကောက်ယူနေကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံနိုင်ရန် စာရင်းကောက်ယူရာတွင် ထောက်ပံ့ငွေပေးအပ်မည့် အကြောင်းအရာများအား အသိပညာပေးပြောကြားသည်။
ထို့နောက် စာရင်းကောက်ယူမှု မှန်ကန်မြန်ဆန်စေရန် ODK Mobile Application ကို အသုံးပြု၍ အမာမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးဝန်ထမ်းများမှ ယမန်နေ့နံနက်(၁၀)နာရီမှ စ၍ စာရင်းများကောက်ယူလျက်ရှိပြီး ၂၀၂၀ပြည့်နှစ် ဧပြီလ (၁)ရက်နေ့မှစ၍ ကိုယ်ဝန်ဆောင်မိခင်များအားလုံးနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
နော်လေး(အမာ)


