မိုးမောက်  ၉  ဇူလိုင်

 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉)နာရီက Covid-19 ကာလအတွင်း ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ စေတနာ့ ဝန်ထမ်းရင်ထိုးတံဆိပ်များ ပေးအပ်ခြင်းအခမ်းအနားကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းတို့က အဖွင့်အမှာစကားပြောကြားသည်။

 

ဆက်လက်ပြီး ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒု−ဦးစီးမှူး ဦးဘူဟုန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရခြင်းအကြောင်း ပြောကြားပြီး  အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က အဖွဲ့အစည်း(၅)ခုမှ စေတနာ့ဝန်ထမ်း(၃၆)ဦးတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်ရင်ထိုးတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ အဖွဲ့အစည်းများကိုယ်စား ကြက်ခြေနီတပ်ဖွဲ့မှ တပ်ရင်းမှူး ဦးလှိုင်ကြူနှင့် တပ်ဖွဲ့ဝင်များက လက်ခံရယူကြကြောင်းသိရှိရသည်။

 

လွန်းနန်းထွေး(ပြန်/ဆက်)