မံစီ     ၉   ဇူလိုင် 

 

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ရာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးမြင့်မောင်နှင့် အတွင်းရေးမှူး ဦးမြမင်းမင်းထိုက်တို့က ရွေးကောက်ပွဲ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ရှင်းလင်း တင်ပြခဲ့ကြပြီး တက်ရောက်လာသည့်အဖွဲ့ဝင်များနှင့် မဲစာရင်းများမှန်ကန်လျင်မြန်စွာ ပြုစု ထုတ်ပြန်နိုင်ရေး၊ ရပ်ကွက်ကျေးရွာအလိုက် အဖွဲ့ဝင်များကို လုပ်ငန်းတာဝန်များခွဲဝေရေး၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ကြိုတင်လျာထားနိုင်ရေးတို့နှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ရိန် (ပြန်/ဆက်)