မန္တလေး ၉ ဇူလိုင်

 

 

COVID-19 ရောဂါကြောင့် ပြင်ဦးလွင်မြို့နယ် အတွင်းရှိ စိုက်ပျိုးရေးခြံများတွင် အလုပ်သမား ရှားပါးမှုများ ကြုံတွေ့နေကြကြောင်း သိရသည်။

 

 

ယခင်ကာလများတွင် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ စသည့်ဒေသများမှ လာရောက်လုပ်ကိုင် သူများရှိခဲ့ပြီး လက်ရှိတွင် လာရောက် လုပ်ကိုင်သူ မရှိသလောက် နည်းပါးနေကြောင်း ခြံလုပ်ငန်းရှင်များထံမှ သိရသည်။

 

 

"ခြံကြီးသမားတွေဆို တော်တော် အခက်အခဲဖြစ်တယ်။ ပန်းဖြတ်ရာသီဆိုရင် မနက် ၆ နာရီကနေစပြီး ညနေပိုင်းအထိဆို ၈၀ဝ၀၊ ၁၀,ဝ၀ဝ လောက်ကို ပေးနေရတယ်။ အလုပ်သမား အဆင်ပြေအောင် ငွေကြိုပေးတာ တွေလုပ်နေရတယ်" ဟု အော်ဂဲနစ် စိုက်ပျိုးရေးခြံရှင် ဦးထွန်းထွန်းညွန့်ကပြောသည်။

 

 

လုပ်သား ရှားပါးမှု နောက်ဆက်တွဲကြောင့် လုပ်သားငှားရမ်းခ စရိတ်ကြီးမြင့်နေပြီး လူစားထိုး ဓာတုဆေးသုံးစွဲမှုများပါ မြင့်တက်လာနေကြောင်း သိရသည်။ ယခုနှစ် လုပ်သားရရှိမှုမှာ ယခင်နှစ်ကထပ် ထက်ဝက်ခန့်သာ ရရှိကြောင်း သိရသည်။

 

 

"အရင်ကလာတဲ့ ရာခိုင်နှုန်း တစ်ဝက်လောက်ပဲ လာတော့တယ်။ စိုက်ပျိုးရေးမှာ အချိန်မီ လုပ်ရတယ်။ လုပ်သား အချိန်မီမရရင်လည်း ကိုယ့်မိသားစုနဲ့ပဲ လုပ်ရတော့မယ်" ဟု ဦးထွန်းထွန်းညွန့်က ဆက်ပြောသည်။

 

 

ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေးတောင်သူ ၇၅ ရာခိုင်နှုန်း ထိရှိကြောင်း သိရသည်။

 

 

ဖြိုးအိ