စေတုတ္တရာ ၉ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သမဝါယမအသင်းစုမှ ၂၀၁၃ ခုနှစ်မှ စတင်၍ CHINA EXIM BANK ချေးငွေလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် ဇွန်လကုန်အထိ (၁၃)ကြိမ်မြောက် ချေးငွေအရင်းအတိုးများကို အသင်းသားများထံမှ ပြေကျေစွာ လက်ခံရရှိပြီဖြစ်ကြောင်း မြို့နယ် သမဝါယမအသင်းစုရုံးထံမှ သိရသည်။

 

CHINA EXIM BANK ချေးငွေကို  အမေရိကန်ဒေါ်လာ သန်း(၄၀ဝ) ချေးငွေအစီအစဉ်မှ မြို့နယ်အတွင်းရှိ မွေးမြူရေးအသင်း(၁၀)သင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း(၁)သင်း၊ လယ်ယာ လုပ်သားအသင်း(၃)သင်း၊ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်း(၅၂)သင်း၊ မျိုစေ့ထုတ် သမဝါယမအသင်း(၁)သင်း၊ လယ်ယာမြေအဆင့်မြှင့်တင် ပြုပြင်ခြင်းအသင်း(၂)သင်း၊ သွင်းအားစုမြေဩဇာ လုပ်ငန်းအသင်း(၅)သင်း စုစုပေါင်း (၇၄)သင်းကို ထုတ်ချေးပံ့ပိုးခဲ့ရာ ၂၀၂၀ပြည့်နှစ်၊ ဇွန်လတွင် (၁၃)ကြိမ်မြောက် အရင်း၏ (၁၆)ပုံ (၁)ပုံကိုသာ ပြန်လည်ကောက်ခံခဲ့ရာ အရင်းငွေကျပ် (၃၈၅.၄၂)သိန်း၊ အတိုးငွေကျပ် (၃၂၀.၁၇)သိန်း စုစုပေါင်း ငွေကျပ်(၇၀၅.၄၉)သိန်းကို အသင်းသားများထံမှ ပြေကျေစွာ လက်ခံရရှိပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ CHINA EXIM BANK ချေးငွေလုပ်ငန်းကို စေတုတ္တရာမြို့နယ် သမဝါယမအသင်းစုမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လုပ်ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေရန်  ၂၀၁၃ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် ချေးငွေပေးဆပ်မည့် ကာလမှာ (၆)လတစ်ကြိမ် (၈)နှစ်ဖြစ်ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)

 

mdn