တောင်ကြီး ၉ ဇူလိုင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အဆောက်အဦ(၃)ထပ်တွင်အသုံးပြုရန် (တစ်ရက်လျှင်ဂါလန် ၅၀ဝ ထွက်) R.O ရေသန့်စက် နှင့် သောက်ရေသန့်ဖြန့်ဝေရေး ပိုက်လိုင်းစနစ်၊ စတီးလက်ဆေးကန်များ၊ ဆင်ဆာရေပိုက်ခေါင်းနှင့် ဆင်ဆာ လက်ဆေး ဆပ်ပြာဘူးများပါဝင်သော ကူးစက်ရောဂါကာကွယ်ရေး လက်ဆေးစနစ်(၃)စုံ တန်ဖိုးငွေကျပ် (၅၅၄၉၀ဝ၀) တို့ကို MAY FLOWER MINING ENTERPRISE Ltd မှ ဇူလိုင် ၉ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ရုံးခန်းရှေ့တွင်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးချုပ်မှ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကျောင်းကုန်း ကျေးရွာ အခြေခံမူလတန်းကျောင်းတွင် ဆရာ/ဆရာမများနေထိုင်ရန် ဝန်ထမ်းအိမ်ရာကို MAY FLOWER MINING ENTERPRISE Ltd မှ အလှူငွေကျပ်သိန်းငါးရာပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကုန်း ကျေးရွာ အခြေခံမူလတန်းကျောင်းတွင် ဆရာ/ဆရာမများနေထိုင်ရန် ဝန်ထမ်းအိမ်ရာကို MAY FLOWER MINING ENTERPRISE Ltd မှ ပထမအကြိမ်တွင် ငွေကျပ်သိန်းငါးရာ ယခုဒုတိယအကြိမ်တွင် ငွေကျပ်သိန်းငါးရာ၊ စုစုပေါင်းငွေကျပ်သိန်း(၁၀ဝ၀)လှူဒါန်းကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


