ပူတာအို ၉ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မတ်ပန်ကွင်းရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ပိုင်လယ်ယာမြေ (၁၈)ဧကတွင် ဆင်းဧကရီ-၃ မျိုးကောင်းမျိုးသန့် မျိုးစပါးများ ပျိုးထောင်စိုက်ပျိုး လျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ယင်းဌာနပိုင် လယ်ယာမြေ(၁၈)ဧက အနက်(၁၀)ဧကတွင် ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စံပြကွက်မျိုးစပါး စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကြောင်း၊ ငါးဧကတွင် ဆင်းဧကရီ-၃ GAP စိုက်ပျိုးနည်းစနစ်ဖြင့် စံပြကွက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ သုံးဧကတွင် ဆင်းဧကရီ-၃ မျိုးစပါးများကို ပျိုးသက်နုကောက်ကွက်ကျဲ SRI နည်းစနစ်ဖြင့် စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
ထို့အပြင် SRI စိုက်ပျိုးနည်းစနစ်တွင် သီးခြားပျိုးထောင်ထားရှိပြီး ပျိုးသက်(၁၂)ရက်တွင် ပျိုးတစ်ပင် ချင်းကို (၁၀)လက်မပတ် လည်ပြောင်းရွှေ့စိုက်ပျိုးစနစ်ဖြင့် လည်းကောင်း၊ အလျားပေ(၄၀) အနံ(၃)ပေ ဘောင် စနစ်ဖြင့်ပျိုးထောင်ထားရှိသော ဆင်းဧကရီ-၃ မျိုးစပါးများကို မျိုးစေ့ထုတ်စံပြကွက်တွင် ခြောက်လက်မ ရှစ်လက်မ ခြောက်တန်းတစ်တန်းလှပ် စနစ်ဖြင့် လည်းကောင်း၊ GAP စိုက် ပျိုးစနစ်ဖြင့် ခြောက်လက်မ ရှစ်လက်မ ဆယ်တန်းတစ်တန်းလှပ်စနစ်ဖြင့်လည်းကောင်းပျိုးသက်(၂၂)ရက်တွင် ပြောင်းရွှေ့ စိုက်ပျိုးရကြောင်း သိရသည်။
အဆိုပါ ဌာနပိုင်လယ်ယာမြေ(၁၈)ဧကအနက် ဆင်းဧကရီ-၃ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စံပြကွက် (၁၀)ဧကမှ ထွက်ရှိလာမည့် မျိုးကောင်းမျိုးသန့် မျိုးစပါးများကို တောင်သူများထံအရောက် ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေးထံမှ သိရသည်။
ဖုန်ကန်(ပြန်/ဆက်)


