ကျိုင်းတုံ ၉ ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများက ဇူလိုင် ၉ ရက် နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက် နှင့် အမှတ်(၄)ရပ်ကွက်တို့တွင် ဆောင်ရွက်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင်  ကျိုင်းတုံမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ခြင်ကိုက်ခြင်းကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေဖို့ မိုးရာသီကာလအတွင်း  ခြင်ကျားများပေါက်လေ့ရှိသည့်အတွက် အိမ်တွင်း၊ အိမ်ပြင်ရှိ ရေထည့်ထားသော ရေတိုင်ကီ(ပီပါ)၊ ရေစည်၊ ရေအိုး၊ အုတ်ကန်၊ ရေတင်ကျန်နိုင်သော ကားတာယာ စသည်များကို ဖုံး၊ သွန်၊ လဲ၊ စစ်  လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်မဝင်အောင် ဖုံးအုပ်ထားရန်နှင့် စွန့်ပစ်ပစ္စည်းများရှင်းလင်းရန်၊ ခြင်ကိုက်ခြင်းမှကာကွယ်ရန် အချက်များ စသည့် သွေးလွန်တုပ်ကွေးရောကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို  ရပ်ကွက်နေပြည်သူများအား အသိပညာပေးပြောကြားသည်။

 

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျိုင်းတုံမြို့နယ်တွင် အပတ်စဉ် ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့အကျိုးပြုကျန်းမာရေးစောင့်ရှောက်မှု  အဘိတ်ဆေး ခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)

 

mdn