ရန်ကုန်  ၉  ဇူလိုင်

 

ရန်ကုန် အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ၊ အနေဖြင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ဗဟန်းမြို့နယ် အမှတ်(၃) အခြေခံပညာအထက်ကျောင်းသို့ သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

 

အဆိုပါ ကျောင်းများစစ်ဆေးရာသို့ ဗဟန်းမြို့နယ်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဉီးအောင်မြတ်ကျော်၊ တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ် ဉီးသောင်းထွဋ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အုပ်ချုပ်ရေးမှူး ဉီးစိန်ကြည်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဉီးဝင်းဗိုလ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကျောင်းအတွင်း၊ အပြင်နှင့် စာသင်ခန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ထားရှိမှု ရှိ၊မရှိ တို့ကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

 

အဆိုပါ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တိုးတိုးအောင်က ပြောကြားရာတွင် ”ကျောင်းကို (၁၃.၇.၂၀၂၀) ရက်နေ့မှစတင်၍ နံနက် နာရီမှ ညနေ နာရီအထိ ကျောင်းအပ်လက်ခံပြီး၊ Grade- 11 နှင့်Grade-10 ကျောင်းသားဉီးရေ (၂၅၅) ခန့် တက်ရောက်ရန် ခန့်မှန်းထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို ကျောင်းတက်ရာတွင် ခြောက်ပေကွာထားရန် စီစဉ်ထားကြောင်း၊ လက်ဆေးဘေစင်များကို ကျောင်းရှေ့၌ စီစဉ်ထားရှိခြင်း၊ ကျောင်းထဲသို့ ဝင်ရောက်ပါက ကိုယ်အပူချိန် တိုင်းတာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နှာခေါင်းစည်း တပ်ခြင်းကိုလည်း စနစ်တကျ တပ်ဆင်ရန်စီစဉ်ထားကြောင်း” ပြောကြားခဲ့သည်။

 

အောင်မြင့်(ပြန်/ဆက်)