ညောင်ဦး  ၉  ဇူလိုင် 

           

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦး-ပခုက္ကူ-မြင်းခြံလမ်းဆုံ ဧရာဝတီတံတား (ပခုက္ကူ) ညောင်ဦးမြို့နယ် ဘက်ခြမ်းတွင် ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ အချက်များအား ပြစ်မှုပြစ်ဒဏ်များနှင့်အတူ ရှင်းလင်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအား ဇူလိုင် ၉ ရက်နေ့ နံနက် ၉နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

 

၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ အချက်များအား ပြစ်မှုပြစ်ဒဏ်များနှင့်အတူ ရှင်းလင်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအား ညောင်ဦးမြို့နယ် အမှတ်(၉၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးအောင် ဆန်းလင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် လက်ပံခြေပေါ် ရဲကင်းစခန်းမှ ရဲအုပ်သန်းဇော် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်/ မော်တော်ယာဉ် မောင်းသူများအား ဝန်ပိုတင်ခြင်း၊ အပိုမီး/မီးတန်း တပ်ဆင်မောင်းခြင်း၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း အသုံးပြုမောင်းခြင်း၊ နောက်ကြည့်မှန်/ အိတ်ဇောအသံထိန်း ကိရိယာမပါဘဲ မောင်းခြင်း၊ ရှေ့မီးအနိမ့်အား အချိန်တိုင်းဖွင့်၍ မ‌မောင်းခြင်း၊ စံချိန်စံညွှန်း ကိုက်ညီသည့် မော်တော် ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုး မသိုင်းဘဲ မောင်းခြင်း၊ နံပါတ်ပြား မတပ်ဆင်ဘဲ မောင်းခြင်း စသည့် ဥပဒေပါ အချက်များအား ပြစ်မှု၊ ပြစ်ဒဏ် များနှင့်အတူ ရှင်းလင်း အသိပညာပေးခြင်း၊ မော်တော်ယာဉ်/ဆိုင်ကယ် မောင်းနှင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ဖော်ပြပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း လက်ပံခြေပေါ် ရဲကင်းစခန်းမှ သိရသည်။

 

 

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း