နေပြည်တော် ၉ ဇူလိုင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲနှင့် ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁ ရက်၊ ဇူလိုင် ၂၀ ရက် (တနင်္လာနေ့)၊ နံနက် ၈ တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်သည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား ဇူလိုင် ၁၉ ရက် မွန်းလွဲ ၃ နာရီ နောက်ဆုံးထား၍ ကမ္ဘာအေးကုန်းမြေ၊ ပုဗ္ဗဝိဒေဟကျောင်းဆောင်ရှိ စာမေးပွဲဌာနခွဲသို့ ဆက်သွယ်သတင်းပို့တော်မူကြပါရန် ပင့်လျှောက်လွှာများ ဆက်ကပ်ပြီးဖြစ်ပါသည်။
ပင့်လျှောက်လွှာများ အချိန်မီမရောက်ရှိပါကလည်း အဆိုပါနေ့ရက်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ ပုဗ္ဗဝိဒေဟကျောင်းဆောင်ရှိ စာမေးပွဲဌာနခွဲသို့ ဆက်သွယ်သတင်းပို့တော်မူကြပါရန် ပင့်လျှောက်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်


