နေပြည်တော် ၉ ဇူလိုင်
နေပြည်တော်၊ ပျဉ်းမနားမြို့၌ ဇူလိုင် ၈ ရက်က နှစ်လုံးထီ၊ သုံးလုံးထီနှင့် ဘောလုံးလောင်းကစား ပြုလုပ်သူအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လောင်းကစားသတင်းအရ ဇူလိုင် ၈ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက်နေ ဇာနည်မျိုးဇော် (ခ) ကိုမျိုး (၃၀)နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘောလုံးလောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ နှစ်လုံးထီ၊ သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေများ၊ လောင်းကစားရာတွင် အသုံးပြုသည့် ဂဏန်းပေါင်းစက် ၁ လုံး၊ Laptop ၁ လုံး၊ Printer ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် ဇာနည်မျိုးဇော် (ခ) ကိုမျိုးအား ပျဉ်းမနားမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား