ကယား ၉ ဇူလိုင်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာရှိ မိုဆိုစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းအနေဖြင့် သမဝါယမလယ်ယာမြေ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသင်းသားတောင်သူများ၏ လယ်ယာမြေများအား ဒုတိယတန်းစား လယ်ယာမြေအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းကြောင့် သီးနှံအထွက်နှုန်း ပိုမိုတိုးတက်သဖြင့် အသင်းသားတောင်သူများ ဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။

သမဝါယမဦးစီးဌာန