မြင်းခြံ   ၉  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၌ လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ဒုတိယအကြိမ်ထုတ်ပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်လူမှုဖူလုံရေးရုံးတွင် ပြုလုပ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လုပ်ငန်းများယာယီရပ်နားခဲ့သော ကာလများအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းအား ဒုတိယအကြိမ် အလုပ်ဌာန (၅၃)ခုမှ အာမခံ အလုပ်သမား စုစုပေါင်း ၁၀၆၃ ဦးအတွက် ငွေကျပ် ၃၀၄၂၄၀၈၅.၃၅ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် လူမှုဖူလုံရေးဆေးခန်းမှ တာဝန်ခံဆရာဝန် ဒေါက်တာ စန်းစန်းဝင်း၊ မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်း တို့က ပေးအပ်ရာ အလုပ်ဌာန ၅၃ ခုမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

 

မြင်းခဲ့မြို့နယ် မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ ကျန်ရှိနေသေးသည့် အလုပ်သမားများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)