ရွှေကူ     ၉  ဇူလိုင်  

 

ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ရှမ်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော ရွှေဘုံသာကျေးရွာအုပ်စု၊ ငါးဘက်ကြီး ကျေးရွာအုပ်စုနှင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၁၅၀၀၀ နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၃၀၃ စုအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၄၅၄၅၀၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

 

ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ရွှေကူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ကျန်ရှိသည့် အိမ်ထောင်စုပေါင်း ၃၅၅ စုအတွက် ငွေကျပ် ၅၃၂၅၀၀၀ ကို တာဝန်ရှိသူထံ  ပေးအပ်ခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)