မြဝတီ  ၉   ဇူလိုင်

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၆၆၈ ဦး မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယနေ့ ဆက်လက်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

ပြန်လည် ဝင်ရောက်လာသူများအား ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြန်လည် ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်မှ မေ ၃၁ ရက် အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်တွင် ၁၀၄၃ ဦး၊ ဇွန် ၂ ရက်တွင် ၁၅၁၇ ဦး၊ ဇွန် ၃ ရက်တွင် ၁၅၄၇ ဦး၊ ဇွန် ၄ ရက်တွင် ၁၂၀၄ဦး၊ ဇွန် ၅ ရက်တွင် ၁၁၉၀၊ ဇွန် ၆ ရက်တွင် ၁၇၈၄ ဦး၊ ဇွန် ၇ ရက် တွင် ၁၆၃၅ ဦး၊ ဇွန် ၈ ရက်တွင် ၉၄၆ ဦး၊ ဇွန် ၉ ရက်တွင် ၁၀၉၄ ဦး၊ ဇွန် ၁၀ ရက်တွင် ၉၉၄ ဦး၊ ဇွန် ၁၁ ရက်တွင် ၆၇၀၊ ဇွန် ၁၂ ရက်တွင် ၈၂၃ ဦး၊ ဇွန် ၁ ၃ ရက်တွင် ၇၇၅ ဦး၊ ဇွန် ၁၄ ရက်တွင် ၆၀၀၊ ဇွန် ၁၅ ရက်တွင် ၅၀၆ ဦး၊ ဇွန် ၁၆ ရက်တွင် ၆၄၄ ဦး၊ ဇွန် ၁၇ ရက်တွင် ၈၇၇ ဦး၊ ဇွန် ၁၈ ရက်တွင် ၆၉၈ ဦး၊ ဇွန် ၁၉ ရက် တွင် ၄၉၄ ဦး၊ ဇွန် ၂၀ ရက်တွင် ၆၅၇ ဦး၊ ဇွန် ၂၁ ရက်တွင် ၆၄၂ ဦး၊ ဇွန် ၂၂ ရက် တွင် ၈၄၈ ဦး၊ ဇွန် ၂၃ ရက်တွင် ၅၂၇ ဦး၊ ဇွန် ၂၄ ရက်တွင် ၅၉၇ ဦး၊ ဇွန် ၂၅ ရက် တွင် ၃၉၈ ဦး၊ ဇွန် ၂၆ ရက်တွင် ၅၅၅ ဦး၊ ဇွန် ၂၇ ရက်တွင် ၆၃၄ ဦး၊ ဇွန် ၂၈ ရက် တွင် ၃၆၆ ဦး၊ ဇွန် ၂၉ တွင် ၆၀၈ ဦး ၊ဇွန် ၃၀ တွင် ၄၆၅ ဦး၊ ဇူလိုင် ၁ တွင် ၆၆၇ ဦး၊ ဇူလိုင် ၂ ရက်နေ့တွင် ၇၂၈ ဦး၊ ဇူလိုင် ၃ ရက်နေ့တွင် ၁၁၃၄ ဦး၊ ဇူလိုင် ၄ တွင် ၈၁၃ ဦး၊ဇူလိုင် ၅ ရက်နေ့တွင် ၇၂၈ ဦး၊ ဇူလိုင် ၆ ရက်တွင် ၁၁၄၂ ဦး ၊ ဇူလိုင် ၇ တွင် ၈၅၁ ဦး၊ ဇူလိုင် ၈ တွင် ၆၆၈ ဦး၊ ယနေ့ ဇူလိုင် ၉ တွင် ၇၈၃ ဦး စုစုပေါင်း ၄၄၅၃၂ ဦးတို့ ပြန်လည် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

 

ယနေ့ ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှအမျိုးသား ၄၆၆ ဦး ၊ အမျိုးသမီး ၃၁၇ ဦး စုစုပေါင်း ၇၈၃ ဦးဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)