ချီဖွေ ၁၀ ဇူလိုင်
ကချင်ပြည်နယ် ချီဖွေမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့နံနက် ၁၁ နာရီက ချီဖွေမြို့အထွက် မြစ်ကြီးနားသွားကားလမ်းပေါ် မြေကမ်းပါးပြိုကျမှုဖြစ်ပွား၍ ခရီးသွားလာမှု အခက်အခဲကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ မြေကမ်းပါးပြိုကျရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ခရီးသွား ပြည်သူများ သွားလာရေး အဆင်ပြေစေရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မြေစာရှင်းလင်းခြင်း လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုကျမှုဖြစ်စဉ်ကြောင့် ခရီးသွားတစ်ဦး၏ ဆိုင်ကယ်တစ်စီးမြေစာများပိမိခဲ့ပြီး လူထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရသည်။
ဇင်မာဝင်း (ပြန်/ဆက်)


