ရွှေတောင် ၁၀ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် သာစည်ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုရွှေ့ပြောင်းနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေများကို ယမန်နေ့က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကမ်းပြိုရွှေ့ပြောင်းနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၀၀၀၀၀ ကျပ်၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ ၁၀ ဦးအတွက် ဆန်ရိက္ခာဖိုး ၂၁၀၀၀ ကျပ် စုစုပေါင်း ထောက်ပံ့ငွေ ၃၂၁၀၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)တို့အား ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)


