ကျောင်းကုန်း ၁၀ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ သစ်ပင်များအား ယနေ့နံနက်ပိုင်းက မြို့သန့်ရှင်းသာယာလှပစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး ခုတ်ထွင်ရှင်းလင်းခဲ့သည်။
ကျောင်းကုန်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့် ရုံးအဖွဲ့ဝင်များက မြို့နယ် သန့်ရှင်းသာယာလှပစေရေး သစ်ပင်များအား ရှင်းလင်းခဲ့ကြပြီး၊ မြို့နယ်လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာ ဦးငြိမ်းချမ်းအောင် ဦးဆောင်ပြီး မီးကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်များကိုလည်း ဆက်လက် ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


