နေပြည်တော် ၁၀ ဇူလိုင်
အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ် လေ့လာခြင်း (Corruption Risk Assessment-CRA)ဆိုင်ရာ အသိပညာမျှဝေခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့်ပြုလုပ် သည်။
CRA အသိပညာမျှဝေခြင်း Video Conferencing အစီအစဉ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် UNDP မှ ကိုယ်စားလှယ်(၁)ဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန(၁၁)ခု၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(၂)ခုတို့မှ CPU အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


