ရန်ကုန် ၁၀ ဇူလိုင်
COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ယာယီကျန်းမာရေး ဆေးခန်း (Ferver Clinic) တွင် တာဝန်ထမ်းဆောင်နေသော စေတနာဝန်ထမ်း (၃၀) အား မေတ္တာ၊ စာဂ၊ ဝိရိယ ကို အခြေခံ၍ ပါဝင်ကူညီခဲ့ခြင်းအတွက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ချီးမြှင့်သည့် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာကို အင်းစိန်မြို့နယ်ခန်းမ၌ ဇူလိုင် (၁၀) ရက် နံနက် ၉ နာရီတွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ယာယီကျန်းမာရေး ဆေးခန်း (Ferver Clinic) တွင် တာဝန်ထမ်းဆောင်ခဲ့သော စေတနာဝန်ထမ်း ဆရာဝန် (၅)ဦးနှင့် ကျန်းမာရေးဆရာ/ဆရာမ ကျန်းမာရေးလုပ်သား၊ အမေ့အိမ့်ပညာရေး ပညာဒါန ကျောင်းမှဆရာ/ ဆရာမများ စုစုပေါင်း(၃၀)ကို အသိအမှတ်ဂုဏ်ပြုကပ်အား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ ကိုယ်စား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးနှင့် အင်းစိန်မြို့နယ် COVID-19 ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ တာဝန်ခံ ဒေါက်တာကြည်ကြည်မာ တို့က ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းနှင့် ဓါတ်ပုံ - မျိုးကြီး


