နေပြည်တော် ၁၀ ဇူလိုင်  


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၊ သပြေနီလမ်း‌နေ သူဇော်၏ နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ ဇော်ဇော်အောင်(ခ)ဇော်အောင် အားတွေ့ရှိရပြီး ၎င်းတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၅,၀၀၀၊ မြန်မာငွေကျပ် ၄၀,၀၀၀ ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း။


အလားတူ ဇူလိုင် ၇ ရက် မွန်းလွဲ ၃ နာရီက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ် မြို့နယ်၊ မိုင်းတွန်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပလောင်ပူတွန်းကျေးရွာအနီး လျှိုအတွင်းမှ  ငွေကျပ် ၁၁,၁၂၃ ဒသမ ၀၉၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၁,၃၂ဝ ၊ စိတ်ကြွရူးသွပ်ဆေးအမှုန့် ၁၂ ဒသမ ၅ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား(ရေစိုပျက်စီး) သုည ဒသမ ၀၂ ကီလို၊ ကဖင်း ကီလို ၂,၅ဝဝ  ၊ WY စာတန်းပါ သံမို ၅၂ ချောင်း၊ စာတန်းမပါ သံမို ၈၅ ချောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ 


အလားတူ ဇူလိုင် ၈ ရက်တွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်းတောင်ပေါ် ကျေးရွာအုပ်စု၊ ပါခါးကျေးရွာအနီး၊ တောအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀,၀၀၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။


ထို့အတူ ဇူလိုင် ၈ ရက် ညပိုင်းတွင် မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မဘိမ်းမြို့နယ်၊ ငို့စင်ကျေးရွာအုပ်စု၊ ငို့စင်ကျေးရွာအနီး၊ ခတ်ခုံ-ငို့စင်ကျေးရွာသွားလမ်းတွင် တင်မိုးလင်း မောင်းနှင်ပြီး ဇော်မြင့်နိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၉၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ တို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။ 


ရဲပြန်ကြား