မိုးကောင်း ၁၁ ဇူလိုင်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆီးဒင်ယံကျေးရွာ၌ ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းက မှိုစားသုံးမိ၍ မိသားစုလေးဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က မိုးကောင်းမြို့နယ်၊ ဆီးဒင်ယံကျေးရွာနေ ဦးဇော်နန်၏ နေအိမ်တွင် လယ်တောမှကောက်ယူလာသည့် ကောက်ရိုးမှိုအား ချက်ပြုတ်စားသောက်ခဲ့ရာမှ မိသားစုဝင်များဖြစ်ကြသည့် ဒေါ်မာရွယ် (၈၈)နှစ်၊ ဒေါ်ခေါန်နန် (၄၀)နှစ်၊ မဂျာဆိုင်းပန် (၈)နှစ်၊ မောင်ဇော်ဆွတ်အောင် (၅)နှစ်တို့လေးဦးမှာ အစာအဆိပ်သင့်ကာ မူးဝေအော့အန်ခြင်းများဖြစ်ခဲ့၍ ည ၇ နာရီတွင် ကျေးရွာမှမော်တော်ယာဉ်ဖြင့် မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


