မြဝတီ ၁၁ ဇူလိုင်
ယနေ့ ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိ မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉၀ ဦးတို့သည် ခရိုင်ဒေသအသီးသီးမှ မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။
ယနေ့ ပြန်လည်ဝင်ရောက်လာသူများမှာ ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာရာ အမျိုးသား ၂၇၆ ဦးနှင့် အမျိုးသမီး ၂၁၄ ဦး စုစုပေါင်း ၄၉၀ ဦးရှိပြီး မြဝတီခရိုင် တာဝန်ရှိသူများက မဲဆောက်ဘက်ခြမ်းသို့ မှန်လုံယာဉ်ကြီးများဖြင့် သွားရောက် ကြိုဆိုခဲ့ကြကာ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးရှိ Quaraintine Center သို့ စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မေ ၁ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၆၆၅၄ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူးစာရင်းမှ သိရှိရသည်။
#မော်လမြိုင်သတင်းဌာနခွဲ
#MRTV


