ကော့ကရိတ်  ၁၁   ဇူလိုင်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးငါးလုပ်ငန်းစခန်းတွင် ငါးမွေးတောင်သူများ စနစ်တကျ ငါးမွေးမြူနိုင်ရန်နှင့် ငါးမွေးမြူနည်းစနစ်ပြန့်ပွါးနိုင်ရန်ရည်ရွယ် ၍ ဇူလိုင် ၁၁  ရက်နေ့ နံနက် ၉  နာရီအချိန်၌ အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက် သင်တန်းဖွင့်လှစ်ခဲ့ရာ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့်ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး တို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

 အဆိုပါ သင်တန်းအား ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာတွေ့/လက်တွေ့ သင်ကြား ပေးသွားမည့် သင်တန်းဖြစ်ရာ ဘားအံ၊ ကော့ကရိတ်၊ မြဝတီခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းနှင့် ငါးမွေးတောင်သူ ဦးရေ ၂၀ တက်ရောက်ကြသည်။

 

 MDN