နေပြည်တာ်  ၁၁  ဇူလိုင်

 

နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်မနားမြို့နယ် ဆီးဖြူပင်အုပ်စု သစ်ဆိမ့်ပင် ကျေးရွာအနီးရှိ ပေါင်းလောင်းဆည်အတွင်း ငါးသယံဇာတအရင်းအမြစ် မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေး၊ ကျေးလက်နေပြည်သူများ ငါးစားသုံးမှု ဖူလုံစေပြီး တစ်ဖက်တစ်လမ်းမှလည်း ဝင်ငွေ ရရှိစေရန်နှင့် ပြည်သူများငါးအာဟာရလုံလောက်စွာ စားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နီလာ ကြွယ်၊ ဒုတိယတိုင်းဦးစီးဌာနမှူး ဦးဇော်လင်းမြင့်နှင့်ရုံးအဖွဲ့များ၊ ရေဆင်းငါးစခန်းတာဝန်ခံ ဦးစိုးပိုင်၊ ခရိုင်မှူး/မြို့နယ်မှူးများသည် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ ငါးမြစ်ချင်း ကောင်ရေ (၁၅၀၀၀၀)ကို မျိုးစိုက်ထည့်ခဲ့ကြောင်း သိရှိရသည်။

 

MDN