ကျောက်ဆည်  ၁၁  ဇူလိုင်

 

ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ကူမဲငါးလုပ်ငန်းစခန်းတို့ ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ မင်းရဲဆည်နှင့် ဇီးတောဆည်အတွင်းသို့ ငါးမြစ်ချင်း သားပေါက်(၁)သိန်းစီ၊ စုစုပေါင်း (၂)သိန်းအား ယနေ့ နံနက်ပိုင်းက မျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးထွန်းမင်းဇော်နှင့်ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင် များ၊ကျောက်ဆည်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်လွင်နှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် ဉီးရဲမင်းထွန်းနှင့် ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်များ တက်ရောက်ကြသည်။

 

MDN