ချင်းရွှေဟော်  ၁၁  ဇူလိုင်

 

 

တရုတ်နိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီအချိန်က ၁၆ ဉီးနှင့် ယနေ့ မွန်းလွဲ ၃ နာရီအချိန်က ၁၁ ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၂၇ ဉီး ထပ်မံဝင်ရောက် လာခဲ့သည်။

 

 

အဆိုပါ  ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူ ၂၇ ဉီးတို့မှာ  အမျိုးသား ၁၈ ဉီး၊ အမျိုးသမီး ၉ ဉီးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မှ ၅ ဉီး၊  ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ ၂ ဉီး၊ မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ် မှ ၃ ဉီး၊  နေပြည်တော်၊ တပ်ကုန်း မှ ၁ ဉီး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မှ ၁၆ ဉီး တို့ဖြစ်ကြောင်း သိရသည်။

 

 

ထိုသို့   ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား ၇၂၄၄ ဉီးနှင့် အမျိုးသမီး ၅၈၃၁ ဉီး တို့ဖြစ်ပြီး စုစုပေါင်းနေရပ် ပြန်ပြည်သူ  ၁၃၀၇၅ ဉီး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

 

ဇင်ဇင်(ပြန်/ဆက်)