ရန်ကုန် ၁၁  ဇူလိုင် 

 

နိုင်ငံတော်၏ ရိက္ခာဆန်အဖြစ် ဝယ်ယူထားသည့်လုံးရှည် / ဧည့်မထ ၂၅ ရာခိုင်နှုန်းအမျိုးအစား ဆန်အိတ်များအား စားသုံးသူပြည်သူများထံသို့ လက်လီဆန်အရောင်းဆိုင်များမှတစ်ဆင့် သက်သာသည့်စျေးဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ၊ ဆန်စပါးကုန်စည်ဒိုင်များနှင့် ဆန်လက်လီအရောင်းဆိုင်များ ပူးပေါင်းလျှက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

 

ထိုသို့ရောင်းချနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့တွင် ဆန်အိတ် စုစုပေါင်း ၅၂၅၀၀၀ ရောင်းချနိုင်ရန် လျာထားသည့် ဆန်လက်လီအရောင်းဆိုင်များအား ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ၂၂၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။ လက်လီအရောင်းဆိုင်များမှ ဒေသအလိုက် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ မှ ငွေကျပ် ၁၁၀၀ ထက် မပိုသောနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ရောင်းချပေးရန်ဖြစ်သည် ။ စက်မှုဇုန်ရှိ အလုပ်သမား မိသားစုများအတွက် ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ကြောင်း သိရသည်။

 

ဆန်လက်လီ အရောင်းဆိုင်များအနေဖြင့် လက်လီအရောင်းဆိုင် မှတ်ပုံတင်ခြင်း အဆိုပြုလွှာပုံစံကို ဖြည့်စွက်ပြီး အီးမေးလ် eo @ mrf.  com.  mm သို့ ပေးပို့ရမည်ဖြစ်သည်။

 

အောင်သူရ