မဘိမ်း ၁၂ ဇူလိုင်
ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်းလင်းဦးဆောင်ပြီး လားရှိုးခရိုင်ဦးစီးမှူး ဦးစောလင်း၊ ပြည်နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ကြူကြူသင်း၊ မဘိမ်းမြို့နယ်ဦးမှူး ဦးသိန်းဝင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ရေလုပ်သားများစုပေါင်း၍ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပွေးတူးကျေးရွာနှင့် မြစ်ဆုံကျေးရွာ၏ ရွှေလီမြစ်ကမ်းဘေးတွင် ဘက်ထရီ လျော့တိုက်မပြုလုပ်စေရေး ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေး အသိပေးပိုစတာနှင့် ရှမ်းပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေပါ သတိပေး တားမြစ်ချက် ပိုစတာများကို အများပြည်သူ သိရှိနိုင်စေရေးအတွက် အသိပေးဆိုင်းဘုတ် စိုက်ထူပေးခဲ့ပြီး ရွှေလီမြစ်ကြောင်း တစ်လျှောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
MDN


