မော်လမြိုင် ၁၂ ဇူလိုင်
မွန်ပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်မည့် စီမံချက်တွင် ကူညီဆောင်ရွက်မည့် Volunteer များအား သင်တန်းပို့ချခြင်းကို မြို့နယ်(၁၀)မြို့နယ်တွင် ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်က တက်ရောက်အမှာစကားပြောကြားပြီး၊ မဲစာရင်းပြုစုထားသည့် လူဦးရေများအပေါ် နိုင်ငံသားအမှတ်ကွက်လပ်များ စိစစ်ခြင်း၊ နိုင်ငံသားကပ်ရှိလျှင် နံပါတ်များ ဖြည့်သွင်းပေးခြင်း၊ နိုင်ငံသားကတ်မရှိသူများအား စာရင်းပြုစုခြင်း၊ သန်းခေါင်စာရင်းပြုစုခြင်း၊ ရှေ့ပြေးလျှောက်လွှာဖြည့်သွင်းပုံစံ ဖြည့်သွင်းနည်းများ၊ ဓါတ်ပုံရိုက်နည်းများ သင်ကြားပို့ချ ပေးသွားမှာဖြစ်ပြီး မဲပေးပိုင်ခွင့် ရှိပြီး နိုင်ငံသားကတ်ပြားပြုလုပ်ရန် ကျန်နေသည့် ပြည်သူများအတွက် ကတ်ပြားများ အမြန်ဆုံး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းကျင်းပခြင်းဖြစ်သည်။ သင်တန်းအချိန်မှာ နံနက် ၉ နာရီမှ ညနေ (၃) နာရီအထိ ကျင်းပကာ တစ်မြို့နယ်တွင် လူဦးရေ ၄၀ မှ ၅၀ အထိ တက်ရောက်ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


