မိုင်းဖြတ် ၁၃ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးဌာနသည် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရေး၊ မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေမြောင်းများ ပိတ်ဆို့ခြင်း၊ မိုးရေများတင်ကျန်ခြင်း မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် မြေသားလမ်း ပြုပြင်ခြင်းများကို ဇူလိုင် ၁၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အရှည်ပေ ၃၅၀ ခန့်ရှိ ဈေးတန်းရပ်ကွက်က ပိတောက်လမ်းအား ပြုပြင်ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ လိုအပ်သောနေရာ၌ ကွန်ကရစ်ရေပြွန် ထည့်သွင်းခြင်းလုပ်ငန်းနှင့် ဈေးတန်း(ကွက်သစ်)ရပ်ကွက်၌ သစ္စာလမ်းမှ ကွက်သစ်(၁၄) လမ်းအထိ ရေစီးရေလာကောင်းမွန်ရေးအတွက် အရှည်ပေ ၁၅၀၀ ခန့်ရှိ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


