ရှင်ဗွေယန်      ၁၃     ဇူလိုင်     

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ရှင်ဗွေယန်မြို့၌ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ် အတွက် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

 

ထိုသို ကျောင်းအပ်လက်ခံရာတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှလမ်းညွှန်ချက်များနှင့်အညီ မိဘအုပ်ထိန်း သူများနှင့် ကျောင်းသား ကျောင်းသူများအား mask များ စနစ်တကျတပ်ဆင်စေခြင်း၊ ကျောင်းရှေ့ စစ်ဆေးရေး ဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရန် ဘေစင်များနှင့်ဆပ်ပြာများ ထားရှိပေးခြင်း၊ ကျောင်းလာရောက် အပ်နှံသည့်အခါ အထက်ပါ စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ပြီးမှ ဝင်ရောက်စေပြီး အပ်နှံသည့်နေရာသို့ ရောက်သည့်အခါ ၆ ပေခြားထားသော ထိုင်ခုံများတွင် တစ်ဦးချင်း ဝင်ရောက်စေပြီး ကျောင်းအပ် လက်ခံလျက်ရှိသည်။

 

mdn

 

ရှင်ဗွေယန်မြို့ရှိ အခြေခံပညာအထက်တန်းအဆင့် အတန်းများကို လာမည့်ဇူလိုင်၂၁ရက်နေ့တွင် စတင် ဖွင့်လှစ်သင်ကြား မည့်ဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်များနှင့်အညီ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းတွေအတိုင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုတွေကို သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွေက ကွင်းဆင်း စစ်ဆေးမှုများကို သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

 

မြစ်ကြီးနားခရိုင် ရှင်ဗွေယန်မြို့၌  Grade (10)  ကျောင်းသားကျောင်းသူ  (၁၀၉)ဦးနှင့် Grade(11)  ကျောင်းသား ကျောင်းသူ   ၁၀၀  စုစုပေါင်း(၂၀၉)ဦး ရှိကြောင်း သိရသည်။

 

လင်းသွယ်ဦး ပြန်ဆက်