ခရမ်း  ၁၃  ဇူလိုင်

 

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသုံးပြုရန်  ကြက်ခြေနီ အသင်းခွဲမှ  လက်ဆေးဘေစင်များ ပေးအပ်လှူဒါန်းခြင်းကို ယမနေ့ မွန်းလွဲပိုင်းက ကျေးရွာ စာသင်ကျောင်းများသို့ လှည့်လည်ပေးအပ် လှူဒါန်းခဲ့ကြသည်။

 

အဆိုပါ လက်ဆေးဘေစင်များမှာ ၂ ခုတွဲ ဘေစင်များဖြစ်ပြီး ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာအ‌ခြေခံပညာကျောင်း ၁၃ ကျောင်းသို့ ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်အေး၊ ခရမ်းမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်နှင့် တပ်ဖွဲ့ဝင်များက ပေးအပ်လှူဒါန်းခဲ့ကြရာ ကျောင်း အကျိုးတော်ဆောင် အဖွဲ့များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

ကိုမင်း (ခရမ်း)