ကမ္ဘာတစ်ဝန်းတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသူပေါင်း ၂၃၀၀၀၀ အထိ စံချိန်တင် ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၄နာရီအတွင်း ရရှိသည့် အချက်အလက်များအရ ကမ္ဘာ့နေရာအနှံ့အပြားတွင် ရောဂါဖြစ်ပွားသူပေါင်း ၂၃၀၃၇၀ သည် ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။

 

အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ရောဂါအသစ်ဖြစ်ပွားသူများမှာ နေ့စဉ် တိုးပွားလျက်ရှိသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ရောဂါဖြစ်ပွားသူများမှာ စုစုပေါင်း ၂၈ရာခိုင်နှုန်းရှိပြီး ဘရာဇီးနိုင်ငံတွင် ရောဂါဖြစ်ပွားမှုမှာ ၁၉ရာခိုင်နှုန်းရှိသည်။

 

အိန္ဒိယနှင့် တောင်အာဖရိကတို့တွင်လည်း ရောဂါကူးစက်မှုအသစ် အမြောက်အမြားကို အတည်ပြုနိုင်ခဲ့သည်။

 

တောင်အာဖရိကတွင် ကူးစက်သူ ၁၀၀၀၀ကျော်နှင့် အိန္ဒိယတွင် ကူးစက်သူပေါင်း ၂၀၀၀၀ကျော် ကူးစက်လျက်ရှိသည်။

 

ယခုကာလအတွင်း ဉရောပနိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်