၁၃ ဇူလိုင်

 

 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်သားလေးဦးနှင့် အကြမ်းဖက်သမား လေးဦးတို့ သေဆုံးခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ယမန်နေ့ မနက်ပိုင်းက ထိုဒေသရှိ အကြမ်းဖက်သမားများ ပုန်းအောင်းရာ နေရာကို စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား လေးဦး သေဆုံးကြောင်း ပါကစ္စတန်စစ်တပ် သတင်းမီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

 

 

စစ်တပ်က ထိုဒေသကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများက အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။

 

 

ယင်းသို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်သားလေးဦး သေဆုံးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ထပ်လောင်း ဖော်ပြထားသည်။

 

 

အဆိုပါဒေသသည် စစ်သွေးကြွများ၏ နယ်မြေဖြစ်သော်လည်း လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေး အောင်မြင်မှုရရှိခဲ့သည်။

 

 

ထိုဒေသတွင် ကြိုးကြားကြိုးကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်သော်လည်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ သိသိသာသာ လျော့နည်းလာပြီး နယ်မြေငြိမ်းချမ်းရေး ပြန်လည်ရရှိခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို