ကျွန်းစု ၁၃ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/သူများနှင့် စာသင်ကျောင်းအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ Mask၊ Face Shieid၊ သာမိုမီတာနှင့်လက်ဆေးဘေစင်များကို ယနေ့ နံနက်(၉)နာရီက လှူဒါန်းပွဲ ကျင်းပခဲ့သည်။
လှူဒါန်းပွဲတွင် လှူဒါန်းခဲ့သည့် ကျောင်းသုံးစာရေးကိရိယာများမှာ ကျောင်းသုံးဗလာစာအုပ်ဒါဇင် (၄၄၀)၊ လေးကြောင်းမျဉ်း ဗလာစာအုပ်(၁၀၅)ဒါဇင်၊ ဘောပင်အချောင်း(၃၀)ပါ (၆၅)ဘူး၊ ခဲတံ(၁၁၈)ဒါဇင်၊ Mask ခုရေ (၂၀၀)၊ Face Shieid ခုရေ (၂၀၀)၊ သာမိုမီတာ(၇)လုံးနှင့် လက်ဆေးဘေစင်(၁၆)လုံးတို့ဖြစ်ပြီး လှူဒါန်းမှုများကို ဒေါက်တာအောင်လွင်+ဒေါ်သက်စန္ဒာ၊ ဦးလှသန်း+ဒေါ်ခင်သန်းရီ ပြည်ဖြိုးထွန်း ကုမ္ပဏီ မိသားစုမှ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထိုနောက် ကျောင်းသား/သူများနှင့် စာသင်ကျောင်းအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ Mask၊ Face Shieid၊ သာမိုမီတာနှင့် လက်ဆေးဘေစင်များကို ဦးလှသန်း၊ ဒေါ်ခင်သန်းရီ နှင့် တာဝန်ရှိသူများက လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ်ခရိုင် ပြန်/ဆက်)


