ဗန်းမော် ၁၃ ဇူလိုင် 

           

ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက်တွင် ဧရာဝတီမြစ်ရေတိုးဝင် လာမှုကြောင့် အခြေခံပညာကျောင်းရှိ စာသင်ခုံနှင့် ပစ္စည်းများကို ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီ က ဗန်းမော်တပ်နယ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့က  ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

           

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဗန်းမော်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး နေလင်းနှင့် တပ်မတော်သားများ၊ ဗန်းမော်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့သည် မြစ်ရေတိုးဝင်နေသည့် ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းသို့  သွားရောက်ကြပြီး ကျောင်းအောက်ထပ်ရှိ စာသင်ခုံ များနှင့် ကျောင်းသုံးပစ္စည်းများကို ရေလွတ်ကင်းရာ ကျောင်းအပေါ်ထပ်သို့ ပြောင်းရွေ့ ပေးခဲ့ကြသည်။

           

အဆိုပါ ဧရာဝတီမြစ်မြှင့်တက်မှုနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင် ၁၃ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၀၅၂)စင်တီမီတာဖြစ်ပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်မှာ (၁၁၅၀)စင်တီမီတာ ဖြစ်ကြောင်း သိရသည်။

                                   

ကိန်းဖြူ(ပြန်/ဆက်)