လွိုင်ကော် ၁၃ ဇူလိုင်
ကယားပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် ရှိ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးသန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကယားပြည်နယ်အတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ဆွေးနွေးလိုသည်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးသန်းစိုးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ကော်မရှင်အဖွဲ့ဝင်များ ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန ၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ပြည်နယ် အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်နယ်ပညာရေး ဦးစီးဌာန၊ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ် ဉပဒေချုပ်ရုံး ၊ ပြည်နယ်စာရင်းစစ်ရုံး ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


